ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းအပြောင်းအလဲ

Last Updated:

ဧပြီလ စတုတ္ထပါတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ၃၁၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိခဲ့သည်။ စက်ရုံအလုပ်ရုံများပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး သဖြင့် ပဲခွဲစက်များ၊ ပဲသန့်စင်စက်ရုံများလည်း ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးသောကြောင့် မတ်ပဲ ဝယ်လက်များ ခေတ္တရပ်ဆိုင်းနေခဲ့သည်။

ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များအတွင်း မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ၃၁၀၀၀ ကျပ်ဝန်းကျင် ဆက်လက်တည်ငြိမ်လျှက်ရှိပြီး မတ်လ ၁ ရက်နေ့တွင် တစ်တင်းလျှင်ကျပ် ၃၀၇၀၀ သို့ဆက်လက်ကျဆင်း သွားခဲ့သည်။ ထို့နောက် မတ်လ ၆ ရက်နေ့ထိကာလအတွင်း မတ်ပဲတစ်တင်းလျှင် ၃၀၄၀၀ကျပ်/ ၃၀၅၀၀ ကျပ်/ ၃၀၆၀၀ ကျပ် ဝန်းကျင်သာရှိနေခဲ့ပြီး တခါတရံ ညနေခင်းအပိတ်ဈေး ၃၁၀၀၀ကျပ် အထိ ရောက်ရှိ သည်မှလွဲ၍ ထိုဈေးတန်းတွင်တည်ငြိမ်လျှက်ရှိသည်။

ယခင် မတ်လ အခြေအနေနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းသိသာစွာကျဆင်းသွားခြင်းမရှိသော်လည်း Covid 19 ရောဂါကြောင့် ကုန်စည်ဒိုင်များ မတ်ပဲအဝယ်ဒိုင်များသည် လူချင်းတိုက်ရိုက်ထိတွေ့ ရောင်းဝယ်ခြင်းထက် Online မှသာချိတ်ဆက် ရောင်းဝယ်ခြင်းများဆောင်ရွက်လျှက်ရှိရာ အရောင်းအဝယ် မပျက်ရှိသည်ဟုဆိုသော်လည်း ကုန်စည်ခြင်း ၊ ရောင်းသူဝယ်သူခြင်းတိုက်ရိုက်ချိတ်ဆက်ခြင်းမရှိသဖြင့် တွင်ကျယ်စွာအရောင်းအဝယ်မဖြစ်ပဲရှိနေသည်။ သို့သော် အိန္ဒိယနိုင်ငံ၏ ဝယ်ယူတင်သွင်းမှု ရပ်တန့် သွားခြင်းမရှိသည့်အတွက် အရောင်းအဝယ်ဆက်လက် ကောင်းမွန်မည်ဟု မတ်ပဲရောင်းဝယ်သူများက မျှော်လင့်လျှက်ရှိကြောင်း သိရသည်။